Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, April 25, 2012

ငါဟာ

ငါဟာ လှေကားလေးတစ်စင်းပါ
အားလုံးအောင်မြင်မှု ရဖို့
အမြင့်ကိုရောက်အောင် ပို့ဆောင်ပေးပါ့မယ်...
အမြင့်ရောက်သွားတဲ့အခါ
နင်းကျော်တက်ခဲ့တာတွေကို မမေ့ကြပါနဲ့...
ငါဟာ ဖယောင်းတိုင်ငယ်လေးပါ
အားလုံးအလင်းရောင် ရဖို့
မီးစာကုန်ခမ်းချိန် အထိ ထွန်းလင်းပေးပါ့မယ်...
မီးစာကုန်သွားတဲ့အခါ
အလင်းရောင်ရခဲ့တဲ့အချိန်ကို မမေ့ကြပါနဲ့...
ငါဟာ ထီးလေးတစ်လက်ပါ
ရာသီဥတုဒဏ် ကာကွယ်ဖို့
အားလုံးကို မိုးကာပေးပ့ါမယ်...
ရာသီဥတု ကောင်းတဲ့အခါ
ထီးလေးကိုတော့ ချောင်ထိုးမထားပါနဲ့...
ငါဟာ ဖိနပ်လေးတစ်ရံပါ
ခလုတ်မထိ ဆူးမငြိဖို့
အားလုံးကို ကာကွယ်ပေးပါ့မယ်...
ဖိနပ်လေး ဟောင်းနွမ်းသွားတဲ့အခါ
သူ့ကျေးဇူးတွေကို မမေ့ပါနဲ့...
ငါဟာ.....
ငါဟာ....
ငါဟာ........ဖြစ်ပါရစေ....