Wednesday, May 16, 2012

Keeping Young (စိတ်နှလုံးမှာ နုပျိုပါ)

When you close up your mind like a bolted door-From then on... You start to grow old. When you think that you're too big to learn any more-from then on your heart will grow cold... And if you stop dreaming when reaching your prime-and see no far summits that tempt you to climb-You will soon fall a victim to old father Time.Day by day you will start to grow old.
When you're stuck in the groove of your old ideas-Then Youth,like a bird,flies away. If you spend anxious moments in counting years-You soon will grow weary and grey. ... But if when you wake you can take a bright view-You'll always look out on a world fresh and new and Life will hold endless surprises for you-and at heart you will never grow old.

သင့်စိတ်ကို မင်းတုပ်ချထားတဲ့ တံခါးလို ပိတ်ထားလိုက်မယ်ဆိုရင် အဲဒီအချိန်ကစလို့ သင် စပြီး အိုမင်းလာလိမ့်မယ်။ နောက်ထပ်ဘာမှ သင်ယူလို့မဖြစ်အောင် ကြီးသွားပြီလို့ သင့်ကိုယ်သင်ထင်တဲ့အခါ အဲဒီအချိန်ကစလို့... သင့်နှလုံးသားဟာ အိုမင်းလာပေလိမ့်မယ်။ သင့်ဘ၀အထွတ်အထိပ်ရောက်ချိန်မှာ  သင့်စိတ်ကူး အိပ်မက်တာတွေ ရပ်လိုက်မယ်ဆိုရင် သင့်ကို အရောက်လှမ်းလာအောင် သွေးဆောင်မယ့် ဝေးသီခေါင်ဖျား တောင်ထိပ်များကို သင်မတွေ့တော့ဘူးဆိုရင် မကြာခင်မှာ ကာလယန္တရားရဲ့ သားကောင်အဖြစ် သင် သက်ဆင်းရပါလိမ့်မယ်။ တစ်နေ့ပြီးတစ်နေ့ သင် စတင်အိုမင်းလာပေတော့မယ်။
သင့်ရဲ့စိတ်ကူးဟောင်းတောအုပ်ထဲမှာပဲ သင်နစ်မြုပ်နေမယ်ဆိုရင် နုပျိုလန်းဆတ်ခြင်းက ငှက်တစ်ကောင်လို အဝေးကို ပျံပြေးသွားလိမ့်မယ်။ ကုန်လွန်ခဲ့တဲ့ နှစ်တွေကို ရေတွက်ရင်းပူပန်စိုးထိတ်စွာ အချိန်တွေ ကုန်စေမယ်ဆိုရင် မကြာခင်မှာ သင်ဟာ တစ်ကယ်ပဲ အိုမင်းနွမ်းလျ သွားပါလိမ့်မယ်။ ဒါပေမယ့် သင်နိုးထချိန်မှာ တောက်ပတဲ့ အမြင်မျိုးနဲ့ ကြည့်တတ်မယ်ဆိုရင် လန်းဆတ်သစ်လွင်တဲ့ ကမ္ဘာလောကကို သင်အမြဲတွေ့မြင်ရပါလိမ့်မယ်။ ဘ၀မှာလည်း သင့်အတွက် မကုန်ဆုံးနိုင်တဲ့ အံ့ဖွယ်ချင်းရာတွေ ရှိနေလိမ့်မယ်။ ဒါဆို သင့်နှလုံးသားမှာ သင်ဘယ်တော့မှာ မအိုနိုင်တော့ဘူးပေါ့။

No comments:

Post a Comment