Monday, April 16, 2012

.....................

တွယ်တာလှပေမယ့် ကွယ်ရာကပဲချစ်တော့မယ်
အစဉ်ခက်လေတော့ မကြင်ရက်တယ် သခင်ဆိုမလား
ငြင်ညိုရင် ကိုယ့်အပြစ်ပါပဲ စိတ်ညစ်တယ်ကွယ်.....
သံယောဇဉ်ခွေကာရစ်ပေမယ့်
ပြန်ပြောရင် ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူအမူလုပ်ပါမို့
အပူရုပ်ကိုဟန်ဆောင်ပြုံးပေမယ့်
ရင်တွင်းမှာမကြေမွေ့လေတော့
ဒီနေ့လည်းစိတ်ညစ်တယ်...
သိပ်ချစ်တယ်လို့မဆိုသာတော့
ပါးစပ်ကပြောမှလား နှုတ်ဖျားမှာမေတ္တာမရှိပါဘူး
အကြည့်တစ်စုံ ဝေဒနာနွေးတွေက
အကြင်နာခြေရာလေးတွေပဲ
ချစ်သဲရယ် ခါသာဖြေလို့ မာယာတွေဟန်ဆောင်ထိန်းကာ သူစိမ်းတွေပေါ့...........


(မောင်စိန်ဝင်း ပုတီးကုန်း)

No comments:

Post a Comment