Friday, April 27, 2012

အမှားပြင်ဆင်ချက်

အချစ်ရယ်
ခုချိန်မှာ
ငါ မျက်စိကွယ်သွားရင်
သိပ်ကောင်းမှာပဲ။
မင်းငါ့ကို
ဘယ်တော့မှ
မဲ့ပြလို့ ရမှာမဟုတ်တော့ဘူး။

ခုချိန်မှာ
ငါ နားပင်းသွားရင်
သိပ်ကောင်းမှာပဲ။
မင်းငါ့ကို
ဘယ်တော့မှ
မုန်းတယ်လို့ ပြောလို့ ရမှာမဟုတ်တော့ဘူး။

ခုချိန်မှာ
ငါ ဆွံ့ အသွားရင်
သိပ်ကောင်းမှာပဲ။
မင်းကိုဘယ်တော့မှ
တောင်းပန်ခယနေ ရမှာမဟုတ်တော့ဘူး။

အို ဒါပေမယ့် ...
မင်းကို မမြင်ရရင်
မနေနိုင်ဘူးကွယ်။
မင်းအသံကို
မကြားရရင်
မနေနိုင်ဘူးကွယ်။
မင်းကိုမတောင်းပန်ရရင်
မနေနိုင်ပါဘူးကွယ်။ ။

မင်းလူ

No comments:

Post a Comment