Wednesday, April 25, 2012

လူငယ်

ငါတို့ ပခုံးပေါ် မင်းတို့တက်ကြည့်ကြပါ
ငါတို့ ဦးခေါင်းအမြင့်ထက် မင်းတို့ ဦးခေါင်းတစ်လုံ ပိုမြင့်အောင်ကြည့်ကြပါ
တာဝန်သိစိတ်အပြည့်နဲ့ ကြည့်ပါ
တာဝန်ယူစိတ်အပြည့်နဲ့ ကြည့်ပါ
ပိုဝေးဝေးမြင်အောင်ကြည့်ပါ
ပိုကျယ်ကျယ်မြင်အောင်ကြည့်ပါ
အဲဒီအခါ ငါတို့ကို ကိုယ်ထင်ပြထားတဲ့
အနာဂါတ်ရှုခင်းဟာ
သက်တန့်ရောင်စုံနဲ့ ပြိုင်တူလင်းလို့
ကြယ်သစ်တေးသီချင်းကို ပြိုင်တူဆိုကြမယ်
အလင်းဆုံးကြယ်ဟာ လူငယ်
လူငယ်ဆိုတာ အလင်းဆုံးကြယ်
ကုန်ကုန်ပြောမယ်
အဲဒီ လူငယ် ဆိုတဲ့ အလင်းဆုံးကြယ်ဟာ
ငါတစ်လုံးမှ ချမရေးရသေးဘဲနဲ့
မင်းဖတ်နေတဲ့ အကြိုက်ဆုံးကဗျာ။   ။
(မြေလတ်မောင်မြင့်သူ)

No comments:

Post a Comment