Monday, April 16, 2012

"ရန်သူတော်များ စာရင်း"

မင်းကို...    
စချစ်မိတဲ့ နေ့က စပြီး
အရာရာကို မနာလိုတော့ဘူး။
ဆံပင်တွေကို
ခိုးခိုးနမ်းသွားတဲ့ လေပြည်
ပါးပြင်ပေါ်
တိုးတိုးကပ်သွားတဲ့ နေခြည်
မင်းမျက်နှာကို
မော့မော့ကြည့် နေကြတဲ့ ပန်းပွင့်တွေ
အားလုံးကို မနာလိုတော့ဘူး။
မင်းကို...
ချစ်မိတဲ့ နေ့ကစပြီး...
ရန်သူတွေ ပိုများလာပြီ။
မင်းကို ငေးကြည့်တဲ့ ကောင်
မင်းကို စကားလာပြောတဲ့ ကောင်
မင်းကို နောက်ပြောင်တဲ့ ကောင်
အားလုံးကို
ငါ.. မကျေနပ်ဘူး။
အားလုံးဟာ ငါ့ရန်သူ။
ငါဟာ...
အားလုံးရဲ့
ရန်သူတစ်ယောက် ဖြစ်သွားရတယ်...

မောင်လှမျိုး(ချင်းချောင်းခြံ)

No comments:

Post a Comment